နွံ
မင်းရှိတဲ့အရပ်ဖက် မျက်နှာမူရင်း ခြေလှမ်းတွေ ရပ်နေဖို့ .. ဒါမှမဟုတ် .. နောက်ပြန်ဆုတ်ခဲ့ဖို့ ကိုယ် ခနခန ကြိုးစားခဲ့ပါတယ် .. နောက်ပြန်မဆုတ်ဖြစ်အောင် ငြိနေတဲ့ ကြိုးရယ် .. ရှေ့မတိုးဖြစ်အောင် တုန့်နေတဲ့ ခြေလှမ်းတွေရယ် .. ကိုယ် နစ် နေတဲ့ နွံထဲ ကိုယ်ဟာ ရှေ့မတိုးဖြစ် နောက်မဆုတ်ဖြစ်နဲ့ .. ဒီနေရာဟာ ကိုယ့်ကိုယ်ပိုင်နေရာလို့တောင် ထင်မှတ်မှားလာမိ ...