Posts

Showing posts with the label Inside Me

unfinished .. (2)

မပိုင်ဆိုင်လိုက်ရတာတွေ နဲ့ စွန့်လွှတ်လိုက်ရတာတွေ .. ရှင်သန်နေဆဲ မျှော်လင့်ချက်တွေနဲ့ သေဆုံးသွားတဲ့ မျှော်လင့်ချက်တွေ .. ကျယ်ကျယ်လောင်လောင် ရီသံတွေ နောက်ကွယ်က တိတ်တိတ်ဆိတ်ဆိတ် ငိုသံတွေ .. အိပ်မက်တွေထဲမှာပျော်ပြီး နှိုးစက်သံတွေမှာ ဝမ်းနည်းသွားတာတွေ .. ကမ္ဘာက သူ့ဘာသာ လည်ပတ်နေတဲ့ကြားက ကိုယ် ရပ်တန့်ထားချင်တဲ့ အခိုက်အတန့်တွေ .. သေကွဲ ဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် .. ဘယ်လိုနည်းနဲ့မှ ..မစွန့်လွှတ်ချင်တာတွေ .. ဖြစ်ပျက်တွေကို နှလုံးသွင်းနေရင်းကနေ .. ဖြစ်ပျက်တွေကြား ဆောက်တည်ရာ မရနိုင်တာတွေ .. မမြင်နိုင်တဲ့ နောက်ဘဝတွေ အထိ ကိုယ့်ဆုတောင်းတွေ .. တခါတခါ .. ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်နိုင်သေးတာ .. ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူ .. ရှာနေမိတဲ့ သူရူးသက်သက်သာ .. # MiNweAye # InsideMe

UnFinished ..

Image
တကယ်တော့ ဘဝဟာ သိပ်ပျော်စရာ မကောင်းလှဘူး .. ပျော်အောင် နေနေတောက ပျော်စရာကောင်းနေတာ .. တကယ်တော့ ဘဝဟာ သိပ်ခင်တွယ်စရာ မကောင်းလှဘူး .. ခင်တွယ်မိအောင် ရှာကြံနေရတာကို ခင်တွယ်နေတာ.. တကယ်တော့ ဘဝဟာ သိပ်ကျေနပ်စရာမကောင်းလှဘူး .. ကျေနပ်မိတဲ့သေးသေးဖွဲဖွဲလေးတွေကို ဖွဲ့တည်ခိုလှုံနေရတာက ကျေနပ်စရာကောင်းနေတာ .. တကယ်တော့ ဘဝဟာ .. သိပ် မက်မောစရာမကောင်းလှဘူး .. မက်မောမိတဲ့သေးသေးလေးတွေ ကြား .. အိပ်မောကျနေရတဲ့ ခန ကို .. မက်မော နေတာ .. ဒီလိုနဲ့..ကိုယ်ဟာ..ဒီဘဝထဲမှာ .. ကိုယ့်ကိုယ်ကို ပျောက်ရှခဲ့တာလား .. ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိခဲ့တာလား ... မသေချာ ... # MiNweAye # InSideMe တကယ်တော့ ဘဝဟာ သိပ်ပျော်စရာ မကောင်းလှဘူး .. ပျော်အောင် နေနေတောက ပျော်စရာကောင်းနေတာ .. တကယ်တော့ ဘဝဟာ သိပ်ခင်တွယ်စရာ မကောင်းလှဘူး .. ခင်တွယ်မိအောင် ရှာကြံနေရတာကို ခင်တွယ်နေတာ.. တကယ်တော့ ဘဝဟာ သိပ်ကျေနပ်စရာမကောင်းလှဘူး .. ကျေနပ်မိတဲ့သေးသေးဖွဲဖွဲလေးတွေကို ဖွဲ့တည်ခိုလှုံနေရတာက ကျေနပ်စရာကောင်းနေတာ .. တကယ်တော့ ဘဝဟာ .. သိပ် မက်မောစရာမကောင်းလှဘူး .. မက်မောမိတဲ့သေးသေးလေးတွေ ကြား .. အိပ်မောကျနေရတဲ့ ခန ကို .. မက်မော နေတာ .. ဒီလိုနဲ့..က...

Tired of Praying

Image
ဖြစ်ခြင်းနဲ့ ပျက်ခြင်း .. အစက် နှစ်စက်ကြားက လူ့ဘဝ တခုက .. အတော် ရှုပ်ထွေးသား .. အလိုဆန္ဒတွေအတွက် ဆုတောင်းတွေ .. ကြိုးစားအားထုတ်မှုတွေ .. စိတ်နှလုံး ခွန်အားတွေ .. အရှုံးတွေ .. လစ်လျူရှုထားရတဲ့အရာတွေ .. မျိုသိပ်ထားခဲ့ရတာတွေ .. ပြုံးမိတာတွေ .. ဖြေသိမ့်မိတာတွေ .. ကိုယ့် အလို တွေ မပြည့်နိုင်သေးတာ က .. ကိုယ်ဟာ အရင်က သူများအလိုကို မဖြည့်ခဲ့လို့ လို့ .. တွေးရင်း .. ကိုယ်တတ်နိုင်သမျှ .. ကိုယ်ဖြည့်ချင်သမျှ .. တိတ်တိတ်လေး လိုက်ဖြည့်ပေးရင်း .. ကိုယ့်အလိုတော့ တချိန်မှာ တိတ်တိတ်လေး ပြည့်နိုင်ကောင်းရဲ့ လို့ .. တွေးရင်း.. ကမ္ဘာကြီးက သူ့ဝင်ရိုးပေါ် တစောင်းကြီးလည်နေတုန်း .. ကိုယ်ကလည်း သံသရာရှည်အောင် ဆုတောင်းတွေနဲ့ လည် လို့ ကောင်းတုန်း .. #MiNweAye #RealMe #InsideMe 01/08/2019

ငါးယောင်ဆောင်တဲ့ ပန်း

မသေချာတာတွေ များလာတဲ့အခါ .. ပို နှုတ်ဆိတ်တတ်လာတယ် .. အချိန်က ပြောပြသွားမှာပါ ဆိုတာမျိုးကိုလည်းမယုံကြည်ပြန်ဘူး .. အသွားအပြန်ဆိုတာလည်း အချိန်ကိုက် လွဲတတ်တာမျိုးကိုး .. ဒီလိုနဲ့ .. သွေးအေးတတ်တဲ့ ငါး ယောင်ဆောင် တတ်လာတော့တာပဲ .. ကိုယ်ဟာ ပန်းတပွင့်ပါ .. ငါးယောင်ဆောင်ထားခဲ့တဲ့ ပန်းတပွင့်ပါ .. နေ ရေ လေ အပြင် အကြင်နာတရားတွေလိုအပ်တဲ့ပန်းတပွင့်ပါ .. မင်း ကြားနိုင်မလားလို့ ကိုယ် နည်းမျိုးစုံနဲ့ ပြောပြပေမယ့် နားထောင်သူဘက်က မကြားချင်ယောင်ဆောင်တဲ့အခါ .. နှုတ်ဆိတ်တတ်သွားတဲ့ ပန်းတပွင့်ပါ .. တိတိကျကျ ပြောရရင် .. နာကျင်ခံစားဖို့ မတတ်နိုင်တော့လို့ သွေးအေးတဲ့ငါး ယောင်ဆောင် ထားတဲ့ ပန်းတပွင့်ပါ ... # MiNweAye # InsideMe