Posts

Showing posts from February, 2019

ကိုယ့်ဘက်က မင်းအကြောင်း ..

Image
Mi Nwe Aye ~ 24/02/2019

စိတ်ထောင်ချောက်

တောနက်ကြီးပဲ .. ငါ ဘယ်လိုလုပ် ဒီ တောနက်ထဲ ရောက်လာပါလိမ့် .. ငါ ဘယ်ကို ထွက်လာမိလို့လဲ .. ငါ တယောက်တည်း တနေရာရာကိုသွားချင်နေတဲ့ စိတ်ကူးရှိပေမယ့် ငါ သွားချင်တာ ပင်လယ်ကမ်းစပ်လို .. လယ်ကွင်းတွေဆီလို .. စမ်းချောင်းလေးဘေးနား အရိပ်ရ သစ်ပင်တွေလို .. အင်း .. စမ်းချောင်းလေး ဘေးနား အရိပ်ရ သစ်ပင်တွေလို များ .. ဒီတောနက်ထဲမှာ ရှိနေမလားပဲ .. ဒါပေမယ့် ဒီတောနက်ကြီးက မှောင်လွန်းတယ် .. ပြီးတော့ အေးစက်နေတယ် .. ငါ အနွေးထည် ယူလာမိခဲ့ရင် ကောင်းသားလေ .. ဒီလို တောနက်ကြီးထဲ ရောက်နေလိမ့်မယ်လို့မှ .. ငါ မတွေးမိပဲ .. ဘယ်လိုလုပ် အနွေးထည်ယူဖြစ်ခဲ့မလဲနော် .. "ဘယ်သူမှ မရှိဘူးလား ဟင် .. " ဟင် .. ငါအော်မေးလိုက်တဲ့အတိုင်း တခြားတယောက် အော်မေးလိုက်သလား .. "ဟလို .. တယောက်ယောက်များ ရှိနေသလားဟင်" တယောက်ယောက်များ ဒီတောနက်ထဲမှာ ငါနဲ့ အတူတူရှိနေသလား .. အသက်ရှူ သံတွေပဲကြားမိသလိုလို .. ခြေနင်းလိုက်သံတွေပဲ ကြားမိသလိုလို .. ငါ ခြေတလှမ်းလှမ်းတိုင်း ဘာလို့ နောက်ထပ်ခြေလှမ်းသံတွေ ကြားနေရတာလဲ .. ဒုက္ခပဲ .. ငါ့စိတ်က ထင်တာလား .. တကယ်ဖြစ်နေတာလား .. မေမေရေ ... စိတ်ထဲက အော်ခေါ်လိုက်မိတယ် .. အသံမှ ထပ်မထွ

အိပ်မက်

ဘယ်က စ တင်ခဲ့လဲ .. ဘယ်လို စိတ်ကူးနဲ့ စတင် ထွက်ခွာလာခဲ့လဲ .. ဘယ်လိုပဲဖြစ်ဖြစ်လေ .. ဘယ်နေရာမှာ အဆုံးသတ်မယ် မသိရသေးပေမယ့် .. ကိုယ်လျှောက်ခဲ့တဲ့လမ်းတလျှောက် .. သာယာငြိမ့်အေး စီးဆင်းခဲ့တာရှိမယ် .. အော်ဟစ်ဆူညံ ခုန်ဆင်းခဲ့တာရှိမယ် .. တိုက်စားခဲ့တာရှိမယ် .. တိမ်းရှောင်ကွေ့ဝိုက်ခဲ့တာတွေရှိမယ် .. ပန်းတွေ ပွင့်စေ ခဲ့တာရှိမယ် .. ကျောက်နံရံတွေ ပါးလွှာစေ ခဲ့တာရှိမယ် .. ဘယ်လိုပဲဖြစ်ဖြစ်ပါလေ .. ဘယ်နေရာမှာအဆုံးသတ်မယ် မသိရသေးပေမယ့် .. ကိုယ်လျှောက်ခဲ့တဲ့ လမ်းဟာ .. ကိုယ့်မှတ်တိုင်တွေပဲပေါ့ .. စမ်းချောင်းလေးက သာယာလိုက်တာလို့ .. မှတ်မှတ်ရရ ရှိပေးလှရင်ပဲ .. ကိုယ်ဟာ .. အခါခါ စီးဆင်းဦးမယ့် သူ ... ~NAMz~ (Mi Nwe Aye) 12/10/15 # FloatingThoughts

ငါးယောင်ဆောင်ချင်တဲ့ လူ

နားကို ရေထဲထိမြုတ်အောင် ပက်လက်လှန်လိုက်တယ် .. အပြင်လောကမှာ ဆူညံနေတဲ့အသံတွေက ရေထဲမယ် အဲ့လောက်မကြားရတော့ .. ရေပေါ်ပက်လက်လှန်ထားတာကြောင့် ကောင်းကင်မှာ ချိတ်ဆွဲထားတာမှမဟုတ်ရင် လူတွေကိုလည်း မမြင်ရတော့ .. ကိုယ့်အာရုံမှာရှိနေတာ .. ကောင်းကင်ကြီးရယ် ..ဘေးတဖက်တချက်မှာ ကိုယ့်မြင်ကွင်းထဲထိရောက်လာနိုင်လောက်အောင် မြင့်မယ့် သစ်ပင်တွေရယ် .. တိမ်တွေရယ် .. ငှက်တွေရယ် .. ကိုယ့်နားထဲက ကြားနေရတဲ့ ရေစီးသံငြိမ့်ငြိမ့်လေးရယ် .. အသက်ကယ်အကျီဝတ်ထားလို့ balance သိပ်ထိန်းစရာမလိုတဲ့အပြင် ကိုယ့်ရေစီးကြောင်းလေးထဲမှာ တခါတလေ လက်ကလေးကို ခပ်ပြီး နည်းနည်းမြန်မြန် ရွေ့လိုက် .. တခါတလေ လက်ရောခြေရောမလှုပ်ပဲ ငြိမ်နေလိုက်နဲ့ .. ကိုယ်နဲ့ ပလဲပနံ သိပ်မသင့်လှတဲ့ ဒီကမ္ဘာကြီးပေါ်မှာ ..ဒီစက်ရုပ်မြို့တော်မှာ .. ဒီလူရောင်စုံတွေကြားမှာ .. ကိုယ်ဟာ လောကနဲ့ အဆက်ပြတ်သွားခဲ့တယ် .. ခနမှ .. တကယ့်ခနလေး .. ကိုယ်ဟာ ငါးတကောင်ဖြစ်သွားလား .. ဒါမှမဟုတ် .. ရေသူမတကောင်ကောင်များဖြစ်သွားသလား ... လူသံတွေကြားနေရသေးသရွေ့တော့ ကိုယ်ဟာ ဟိုးပင်လယ်ပြာထဲမှာ လွတ်လပ်ပျော်ရွှင်ကူးခတ်နေတဲ့ ငါးတကောင် မဟုတ်နေသေးတာ အသေအချာပေါ့ .. လူစင်စစ်ကနေ ငါး/ရေသူမ ရုတ်

ပျိုးတဲ့ပန်း

တလွှာချင်း ခွာ ချ ပြနေတဲ့ ပွင့်လွှာတွေရဲ့ အဆုံးမှာ .. ဝတ်မှုန်ရှိမယ် .. ရနံ့ရှိမယ် .. မမျှော်လင့်ထားတဲ့ အလှတရားရှိမယ် .. အမြင့်ဆုံးတန်ဖိုးရှိမယ် .. ။ ကိုယ် .. မင်းရဲ့ ရနံ့ကို မသတ်မှတ်ဘူး .. မင်းရဲ့ အရောင်ကို မသတ်မှတ်ဘူး .. မင်းရဲ့ တန်ဖိုးကို မသတ်မှတ်ဘူး .. ပျိုးခဲ့ ကတည်းက တခုခုကို မျှော်လင့်ခဲ့တာမှမဟုတ်တာ .. ။ တခုပဲ .. မင်းရဲ့ ဝတ်မှုန်တစက်က အစ .. ကိုယ့်တယောက်တည်းအတွက်သာ ရည်ရွယ်ခဲ့ပါ ... ။ # N_A_Mz 281015 / Mi Nwe Aye 28/10/2015 #FloatingThoughts