ငါးယောင်ဆောင်တဲ့ ပန်း
မသေချာတာတွေ များလာတဲ့အခါ .. ပို နှုတ်ဆိတ်တတ်လာတယ် ..
အချိန်က ပြောပြသွားမှာပါ ဆိုတာမျိုးကိုလည်းမယုံကြည်ပြန်ဘူး ..
အသွားအပြန်ဆိုတာလည်း အချိန်ကိုက် လွဲတတ်တာမျိုးကိုး ..
ဒီလိုနဲ့ .. သွေးအေးတတ်တဲ့ ငါး ယောင်ဆောင် တတ်လာတော့တာပဲ ..
ကိုယ်ဟာ ပန်းတပွင့်ပါ .. ငါးယောင်ဆောင်ထားခဲ့တဲ့ ပန်းတပွင့်ပါ ..
နေ ရေ လေ အပြင် အကြင်နာတရားတွေလိုအပ်တဲ့ပန်းတပွင့်ပါ ..
မင်း ကြားနိုင်မလားလို့ ကိုယ် နည်းမျိုးစုံနဲ့ ပြောပြပေမယ့် နားထောင်သူဘက်က မကြားချင်ယောင်ဆောင်တဲ့အခါ .. နှုတ်ဆိတ်တတ်သွားတဲ့ ပန်းတပွင့်ပါ ..
တိတိကျကျ ပြောရရင် .. နာကျင်ခံစားဖို့ မတတ်နိုင်တော့လို့ သွေးအေးတဲ့ငါး ယောင်ဆောင် ထားတဲ့ ပန်းတပွင့်ပါ ...
#MiNweAye #InsideMe
လိုက်ဖတ်မယ်နော်
ReplyDeleteဟုတ်ကဲ့ ..
Delete