unfinished .. (2)

မပိုင်ဆိုင်လိုက်ရတာတွေ နဲ့ စွန့်လွှတ်လိုက်ရတာတွေ ..
ရှင်သန်နေဆဲ မျှော်လင့်ချက်တွေနဲ့ သေဆုံးသွားတဲ့ မျှော်လင့်ချက်တွေ ..
ကျယ်ကျယ်လောင်လောင် ရီသံတွေ နောက်ကွယ်က တိတ်တိတ်ဆိတ်ဆိတ် ငိုသံတွေ ..
အိပ်မက်တွေထဲမှာပျော်ပြီး နှိုးစက်သံတွေမှာ ဝမ်းနည်းသွားတာတွေ ..
ကမ္ဘာက သူ့ဘာသာ လည်ပတ်နေတဲ့ကြားက ကိုယ် ရပ်တန့်ထားချင်တဲ့ အခိုက်အတန့်တွေ ..
သေကွဲ ဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် .. ဘယ်လိုနည်းနဲ့မှ ..မစွန့်လွှတ်ချင်တာတွေ ..
ဖြစ်ပျက်တွေကို နှလုံးသွင်းနေရင်းကနေ .. ဖြစ်ပျက်တွေကြား ဆောက်တည်ရာ မရနိုင်တာတွေ ..
မမြင်နိုင်တဲ့ နောက်ဘဝတွေ အထိ ကိုယ့်ဆုတောင်းတွေ ..
တခါတခါ .. ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်နိုင်သေးတာ .. ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူ .. ရှာနေမိတဲ့ သူရူးသက်သက်သာ ..
#MiNweAye #InsideMe

Comments

Popular posts from this blog

ငါးယောင်ဆောင်တဲ့ ပန်း

Tired of Praying