တောနက်ကြီးပဲ .. ငါ ဘယ်လိုလုပ် ဒီ တောနက်ထဲ ရောက်လာပါလိမ့် .. ငါ ဘယ်ကို ထွက်လာမိလို့လဲ .. ငါ တယောက်တည်း တနေရာရာကိုသွားချင်နေတဲ့ စိတ်ကူးရှိပေမယ့် ငါ သွားချင်တာ ပင်လယ်ကမ်းစပ်လို .. လယ်ကွင်းတွေဆီလို .. စမ်းချောင်းလေးဘေးနား အရိပ်ရ သစ်ပင်တွေလို .. အင်း .. စမ်းချောင်းလေး ဘေးနား အရိပ်ရ သစ်ပင်တွေလို များ .. ဒီတောနက်ထဲမှာ ရှိနေမလားပဲ .. ဒါပေမယ့် ဒီတောနက်ကြီးက မှောင်လွန်းတယ် .. ပြီးတော့ အေးစက်နေတယ် .. ငါ အနွေးထည် ယူလာမိခဲ့ရင် ကောင်းသားလေ .. ဒီလို တောနက်ကြီးထဲ ရောက်နေလိမ့်မယ်လို့မှ .. ငါ မတွေးမိပဲ .. ဘယ်လိုလုပ် အနွေးထည်ယူဖြစ်ခဲ့မလဲနော် .. "ဘယ်သူမှ မရှိဘူးလား ဟင် .. " ဟင် .. ငါအော်မေးလိုက်တဲ့အတိုင်း တခြားတယောက် အော်မေးလိုက်သလား .. "ဟလို .. တယောက်ယောက်များ ရှိနေသလားဟင်" တယောက်ယောက်များ ဒီတောနက်ထဲမှာ ငါနဲ့ အတူတူရှိနေသလား .. အသက်ရှူ သံတွေပဲကြားမိသလိုလို .. ခြေနင်းလိုက်သံတွေပဲ ကြားမိသလိုလို .. ငါ ခြေတလှမ်းလှမ်းတိုင်း ဘာလို့ နောက်ထပ်ခြေလှမ်းသံတွေ ကြားနေရတာလဲ .. ဒုက္ခပဲ .. ငါ့စိတ်က ထင်တာလား .. တကယ်ဖြစ်နေတာလား .. မေမေရေ ... စိတ်ထဲက အော်ခေါ်လိုက်မိတယ် .. အသံမှ ထပ်မထွ...