ငါးယောင်ဆောင်ချင်တဲ့ လူ

နားကို ရေထဲထိမြုတ်အောင် ပက်လက်လှန်လိုက်တယ် ..
အပြင်လောကမှာ ဆူညံနေတဲ့အသံတွေက ရေထဲမယ် အဲ့လောက်မကြားရတော့ ..
ရေပေါ်ပက်လက်လှန်ထားတာကြောင့် ကောင်းကင်မှာ ချိတ်ဆွဲထားတာမှမဟုတ်ရင် လူတွေကိုလည်း မမြင်ရတော့ ..
ကိုယ့်အာရုံမှာရှိနေတာ .. ကောင်းကင်ကြီးရယ် ..ဘေးတဖက်တချက်မှာ ကိုယ့်မြင်ကွင်းထဲထိရောက်လာနိုင်လောက်အောင် မြင့်မယ့် သစ်ပင်တွေရယ် .. တိမ်တွေရယ် .. ငှက်တွေရယ် .. ကိုယ့်နားထဲက ကြားနေရတဲ့ ရေစီးသံငြိမ့်ငြိမ့်လေးရယ် ..
အသက်ကယ်အကျီဝတ်ထားလို့ balance သိပ်ထိန်းစရာမလိုတဲ့အပြင် ကိုယ့်ရေစီးကြောင်းလေးထဲမှာ တခါတလေ လက်ကလေးကို ခပ်ပြီး နည်းနည်းမြန်မြန် ရွေ့လိုက် .. တခါတလေ လက်ရောခြေရောမလှုပ်ပဲ ငြိမ်နေလိုက်နဲ့ .. ကိုယ်နဲ့ ပလဲပနံ သိပ်မသင့်လှတဲ့ ဒီကမ္ဘာကြီးပေါ်မှာ ..ဒီစက်ရုပ်မြို့တော်မှာ .. ဒီလူရောင်စုံတွေကြားမှာ .. ကိုယ်ဟာ လောကနဲ့ အဆက်ပြတ်သွားခဲ့တယ် ..
ခနမှ .. တကယ့်ခနလေး ..
ကိုယ်ဟာ ငါးတကောင်ဖြစ်သွားလား .. ဒါမှမဟုတ် .. ရေသူမတကောင်ကောင်များဖြစ်သွားသလား ... လူသံတွေကြားနေရသေးသရွေ့တော့ ကိုယ်ဟာ ဟိုးပင်လယ်ပြာထဲမှာ လွတ်လပ်ပျော်ရွှင်ကူးခတ်နေတဲ့ ငါးတကောင် မဟုတ်နေသေးတာ အသေအချာပေါ့ ..
လူစင်စစ်ကနေ ငါး/ရေသူမ ရုတ်ချည်း ဖြစ်သွားဖို့ဆိုတာလည်း ဒီလက်တွေ့ဘဝကြီးမှာ ဖြစ်နိုင်ခြေမှမရှိတာ .. ကိုယ့်ကိုယ်ကို သဘောတကျ ရီလိုက်တယ် .. သိပ်စိတ်ကူးယဉ်ဆန်တာပဲ မိငယ်ငယ်ရယ် ..
တယောက်တည်း ပက်လက်မျောနေရင်း ပြုံးနေမိတော့ ဘေးနားက ဖြတ်သွားထဲ ရေဘောကွင်းနဲ့ ကလေးမလေး အုပ်စုက အူကြောင်ကြောင်ကြည့်သွားတယ် ..
ညီမလေးတို့မသိလို့ကွ .. ဒီဖီလင်က ကိုယ်တို့လို လောကကြီးနဲ့ ပလဲပနံ မသင့်လှတဲ့ အူကြောင်ကြောင်တွေမှ ခံစားနားလည်လို့ရတဲ့ ချိုမြိန်ခြင်းမျိုး ..
လူဖန်ဆင်းထားတဲ့ artificial သဘာဝ တရားထဲမှာ .. သဘာဝ တရားအစစ်ကို ခံစားနားလည်ဖို့ဆိုတာ .. တော်ရုံအူတိအူကြောင်မနိုင်ပဲ ဘယ်လိုမှ မရနိုင်တဲ့အရာပါကွာ ..
ထားပါလေ .. နေဦး .. ခုနက ကိုယ် ငါးသံလေးတွေ ကြားလိုက်သလိုလို ..
ခုနေ ပင်လယ်ထဲမှာ သဘောင်္ကြိး ပျက်ပြီဆိုပါစို့ .. ကိုယ်တော့ ပျော်မိမှာပဲ ..
ခြေကုန်လက်ပန်းကျလို့ .. ကိုယ်သေရတော့မယ်ဆိုရင်တောင် .. ကိုယ် ဒီဖီလင်လေး ယူသွားမယ် ..
ဗုဒ္ဓဘာသာအယူအရ စုတိစိတ်နဲ့တင်ကိုယ့်ဂတိက လားရာကောင်းမှာမဟုတ်ပေမယ့် .. ကိုယ့်စိတ်ကြိုက်ပင်လယ်ထဲကူးခတ်နိုင်မဲ့ ငါးတကောင်ကောင် အဖြစ်တော့ လိုချင်မိမယ်ထင်တယ် ..
အဲ . .ဒါပေမယ့် ဂဏန်းလိုလို .. ပုစွန်လိုလို .. ခြေကားယားလက်ကားယားနဲ့ မျက်နှာခွံမာမာ အကောင်တွေတော့ မဖြစ်ပါရစေနဲ့လား ..
ဒါဆို .. ကိုယ် ဘယ်လိုငါးဖြစ်ရကောင်းမလဲ ..
ငါး လှလှလေးပေါ့ .. ကိုယ့်ဘာသာ ပင်လယ်လိပ်ပြာ လို့ နာမည်ပေးထားတဲ့ ငါးလိပ်ကျောက်လို ငါးလှလှလေးဆို မဆိုးဘူးနော် ..
သူက ရေထဲမှာ ကူးနေရင် ကောင်းကင်မှာ လိပ်ပြာလေးတွေ ပျံနေတဲ့အတိုင်း ကူးတာကိုး ...
ဒါမှမဟုတ်ရင်ရော .. လင်းပိုင် ပေါ့ ..
ကိုယ်ငယ်ငယ်လေးတည်းသိပ်ချစ်တဲ့လင်းပိုင်လေးဖြစ်ရလည်းမဆိုးဘူးပဲ ..
အင်းနော် .. ခုနေ မတော်တဆ ပင်လယ်ထဲမှာ သဘောင်္မြုတ်ခဲ့ရင် .. ကိုယ်တော့ ငါးလိပ်ကျောက်တကောင်ကောင် .. လင်းပိုင်တကောင်ကောင် ဖြစ်သွားမှာ အသေအချာပဲ ....

Mi Nwe Aye - 09/11/2015
#FloatingThoughts

Comments

Popular posts from this blog

စိတ်ထောင်ချောက်

Tired of Praying