ပျိုးတဲ့ပန်း

တလွှာချင်း ခွာ ချ ပြနေတဲ့ ပွင့်လွှာတွေရဲ့ အဆုံးမှာ ..
ဝတ်မှုန်ရှိမယ် ..
ရနံ့ရှိမယ် ..
မမျှော်လင့်ထားတဲ့ အလှတရားရှိမယ် ..
အမြင့်ဆုံးတန်ဖိုးရှိမယ် .. ။
ကိုယ် ..
မင်းရဲ့ ရနံ့ကို မသတ်မှတ်ဘူး ..
မင်းရဲ့ အရောင်ကို မသတ်မှတ်ဘူး ..
မင်းရဲ့ တန်ဖိုးကို မသတ်မှတ်ဘူး ..
ပျိုးခဲ့ ကတည်းက တခုခုကို မျှော်လင့်ခဲ့တာမှမဟုတ်တာ .. ။
တခုပဲ ..
မင်းရဲ့ ဝတ်မှုန်တစက်က အစ .. ကိုယ့်တယောက်တည်းအတွက်သာ ရည်ရွယ်ခဲ့ပါ ... ။
#N_A_Mz 281015 / Mi Nwe Aye 28/10/2015
#FloatingThoughts

Comments

Popular posts from this blog

Tired of Praying

ငါးယောင်ဆောင်တဲ့ ပန်း

စိတ်ထောင်ချောက်