Tired of Praying
ဖြစ်ခြင်းနဲ့ ပျက်ခြင်း .. အစက် နှစ်စက်ကြားက လူ့ဘဝ တခုက .. အတော် ရှုပ်ထွေးသား ..
အလိုဆန္ဒတွေအတွက် ဆုတောင်းတွေ .. ကြိုးစားအားထုတ်မှုတွေ .. စိတ်နှလုံး ခွန်အားတွေ .. အရှုံးတွေ .. လစ်လျူရှုထားရတဲ့အရာတွေ .. မျိုသိပ်ထားခဲ့ရတာတွေ .. ပြုံးမိတာတွေ .. ဖြေသိမ့်မိတာတွေ ..
ကိုယ့် အလို တွေ မပြည့်နိုင်သေးတာ က .. ကိုယ်ဟာ အရင်က သူများအလိုကို မဖြည့်ခဲ့လို့ လို့ .. တွေးရင်း .. ကိုယ်တတ်နိုင်သမျှ .. ကိုယ်ဖြည့်ချင်သမျှ .. တိတ်တိတ်လေး လိုက်ဖြည့်ပေးရင်း .. ကိုယ့်အလိုတော့ တချိန်မှာ တိတ်တိတ်လေး ပြည့်နိုင်ကောင်းရဲ့ လို့ .. တွေးရင်း..
ကမ္ဘာကြီးက သူ့ဝင်ရိုးပေါ် တစောင်းကြီးလည်နေတုန်း ..
#MiNweAye #RealMe #InsideMe
01/08/2019
01/08/2019

Comments
Post a Comment